ဒူးနာအတွက်အလွယ်နည်း

ဒူးနာအတွက်အလွယ်နည်း...


ဆရာကိုယ်တိုင်ခြေချော်ပြီးမြောင်းထဲခြေတစ်ဖက်ချော်ကျ..ဘယ်ဖက်ဒူးအမြှေးဟသွားပြီးနာနေတာ..၂ပတ်ခန့်ရှိပါပြီ။
ချင်း.လင်းနေပါတဲ့ဆေးတွေစည်းတာ၁၀ရက်ကျော်..သက်သာပေမဲ့အရှင်းတော့မပျောက်သေးပါ။ 

အသွားအလာ အဆင်းအတက်များ.ကားကလည်းနေ့စဉ်မောင်းပြီးဆေးခန်းနှစ်ခုကူးနေရတာမို့မပျောက်နိုင်တာပါ..
အခုတော့ဆေးလည်းမစည်းတော့ပါ
။ဒူးစွပ်တော့ဝယ်စွပ်ထားပါတယ်။
ဆေးနည်းတ်ိုတစ်နည်းရထားတာ.စဉ့်ကူးနယ်ဖက်က..ဒူးနာရင်ဘန်ဒါရွက်ဒူးမှာကပ်ပြီးစည်းထားရင်သက်သာတယ်။လက်တွေ့ပျောက်သူကပြောလို့.ဘန်ဒါပင်အငယ်ကရွင်နုလေးခူးပြီး ကပ်ပြီးဒူးစွတ်အောက်မှာထည့်စွပ်ထားလိုက်တာ..နာရီဝက်လောက်ကြာတော့ပူလာပြီးနေလို့ကောင်းနေသလိုပဲ...
  ဒူးနာသမားတွေစမ်းကြည့်ကြဖို့တင်ပြလိုက်ပါတယ်။
       အလွယ်နည်းပါ၊ဒူးစွတ်ချွတ်ကြည့်တော့ဘန်ဒါရွက်ကအသားနဲ့ကပ်နေပြီးပူနေတာတွေ့ရပါတယ်။

ကြည်လွင်မြင့်(မုဒြာ)









Comments