ထောပတ်သီးအရွက်ရဲ့ နောက်ကွယ်က အကျိုးကျေးဇူးတွေ
ထောပတ်သီးအရွက်ရဲ့ နောက်ကွယ်က အကျိုးကျေးဇူးတွေ

ထောပတ်သီးကိုတော့စားသုံးကြပြီး ထောပတ်သီးရွက်ရဲ့ အကျိုးကျေးဇူးကိုကော သတိထားမိကြလား။ ထောပတ်သီးလိုပဲ ထောပတ်ရွက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ထောပတ်သီးအရွက်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အဟာရဓါတ်တွေ အများအပြားပါဝင်နေပါတယ်။
အအေးမိတာနဲ့ ရာသီအကူးအပြောင်းကာလမှာဖြစ်တတ်တဲ့ ရောဂါတွေကို ကုသနိုင်ပတယ်။ ဒါ့အပြင် အစာအိမ်နာတာ ၊ အဆစ်အမြစ်နာတာနဲ့ ကျောက်ကပ်ကျောက်တည်တာ စတဲ့ရောဂါတွေဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။
ထောပတ်သီးအရွက်ကိုရေနွေးနဲ့ကျိုပြီး ရေနွေးကြမ်းသောက်သလို သောက်ပေးသင့်ပါတယ်။
ထောပတ်ရွက်လက်ဖက်ရည်ကို ဘယ်လိုပြင်ဆင်မလဲ

ပါဝင်ပစ္စည်း
ထောပတ်ရွက် ခွက် ၄ပုံ၃ပုံ

ရေ ၁ လီတာ
ပြင်ဆင်ခြင်း

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။ ပွက်ပွက်မဆူလာခင် နည်းနည်းလေးစဆူလာပြီဆိုတာနဲ့ ထောပတ်ရွက်ကိုထည့်ပါ။ ပြီးရင် ၅ မိနစ်လောက် ဆက်သည်ထားပါ။
ပြီးရင် မီးဖိုပေါ်ကချပြီး ဇွန်းနဲ့မွှေပေးကာ ၁၅ မိနစ်လောက် အအေးခံထားပါ။
တစ်နေ့ကို တစ်ခွက်ပုံမှန်သောက်ပေးပါ။
Comments
Post a Comment