ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်


ပူစီနံရွက်ရဲ့ ကျန်းမာရေး အာနိသင်



ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင် အပင် တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေး စေမှုနဲ့ အနည်းငယ် ခါးသက်တဲ့ အရသာ ရှိပါတယ်။

အခြားဟင်း ချက်စရာ အရွက်တွေနဲ့ မတူတာက ပူစီနံကို ဟင်းခတ် အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။ နောက်ပြီး ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ယောနိ ရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်း တွေကို သက်သာ စေပါတယ်။

၂။ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ် ပေးပါတယ်။

၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအား စနစ်ကို မြှင့်တင် ပေးနိုင်ပါတယ်။

၄။ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ သွားဖုံး ပြည်တည်ခြင်း တွေမှာ ပူစီနံကို ချေထားတဲ့ အရည်ကို သောက်သုံး ပေးသင့်ပါတယ်။

၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ် ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေ ပါဝင်နေပါတယ်။

၆။အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်းမှာ ပူစီနံရွက်ကို ရှူပေးရင် သက်သာနိုင်ပြီး ရေနွေးမှာ ပူစီနံရွက်ကို ထည့်ပြီး သောက်သုံး ပေးရင် သွေးမပေါ်ခင် ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာ စေပါတယ်။


Comments