ကြက်သွန်ဖြူနဲ့ ပျားရည်တွဲစားပြီး ဆရာဝန်ဆီမသွားဘဲ နေကြရအောင်

ကြက်သွန်ဖြူနဲ့ ပျားရည်တွဲစားပြီး ဆရာဝန်ဆီမသွားဘဲ နေကြရအောင်

ကြက်သွန်ဖြူကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်တဲ့ သဘာဝအစားအစာဖြစ်တယ်ဆိုတာ ထူးပြီး ပြောပြစရာလိုမယ်မထင်ပါဘူး။
ကြက်သွန်ဖြူဟာ နှလုံးရောဂါတွေအတွက် ကောင်းမွန်သလို ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် သွေးတိုးလည်း ကျစေပါတယ်။
ကြက်သွန်ဖြူနဲ့ ပျားရည်ကိုရောပြီး ပုံမှန်စားသုံးပေးလို့ ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို အရယူလိုက်ကြရအောင်ပါ။

ပြုလုပ်နည်း

ကြက်သွန်ဖြူ ၂ စိတ် ၃ စိတ်လောက်ယူပြီး လှီးပေးပါ။
ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း ထည့်ပေးပါ။
ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ နေ့တိုင်းသောက်ပါ။
လည်ချောင်းနာတာ တုပ်ကွေးဖြစ်တာနဲ့ တခြား အအေးမိတဲ့ လက္ခဏာတွေကို ကာကွယ်နိုင်ဖို့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ ကြက်သွန်ဖြူနဲ့ သဘာဝ ဆေးရည် ပြုလုပ်တဲ့ နောက်တစ်နည်းလည်းရှိပါသေးတယ်။

ဒီနည်းလမ်းကိုပြုလုပ်ဖို့သင့်အသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေဖြစ်တယ်ဆိုရင်တော့ တစ်ခုခုနဲ့ အကာအကွယ်ယူပြီး လုပ်ဆောင်သင့်ပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီကို အတုံးလိုက်လှီးပါ။
ကြက်သွန်ဖြူကို လှီးပါ။
ငရုပ်သီးတောင့် ၂ တောင့်ကို လှီးပါ။
ဂျင်းကိုလှီးပြီး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။
သံပုရာသီးတစ်လုံးကို အရည်ညစ်ပါ။
ပန်းသီးရှလကာရည်ထည့်ပါ။

ပြုလုပ်နည်း

၃၅၀ မီလီမီတာလောက်ရှိတဲ့ ပုလင်းထဲကို ကြက်သွန်နီအရင်ထည့်ပါ။ အဲဒီနောက် ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီးထည့်ပါ။ ဂျင်းထည့်ပါ။ သံပရာရည်ထည့်ပါ။ ရှလကာရည်ထည့်ပါ။
ပုလင်းကို ခပ်ကြပ်ကြပ်လေးပိတ်ထားပေးပါ။ ဒါပေမဲ့ အဖုံးနဲ့ အထဲကအစာပလာတွေရဲ့ကြား ၁ စင်တီမီတာလောက် နေရာအလွတ်ထားပါ။ ဝေဒနာတွေ သက်သာသွားဖို့အတွက် ပုံမှန်သောက်သုံးပေးပါ။

မှတ်ချက်။ ။ အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတွက် သောက်သုံးရမဲ့ ပမာဏက စားပွဲတင်ဇွန်း ၁ ဇွန်းဖြစ်ပြီး မနက်ခင်း အစာမစားခင်သောက်ပေးရမှာဖြစ်ပါတယ်။

My Food Myanmar








My Food Myanmar


Comments